ဧရာဝတီတိုင်း ငပုတောမြို့ နယ်ကမ်းလွန်ပင်လယ်ပြင်ထဲမှာ ပန်းကန်ကျွန်းလို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းရှိပါတယ် ။ အဲဒီကျွန်းမှာ ကြွေပန်းကန်အကွဲအစတွေကို ထူးထူးခြားခြားတွေ့ နေရပါတယ်လို့ ဒေသခံမိတ်ဆွေတစ်ယောက်ကပြောလို့သိထားပါတယ် ။ ကြွေပန်းကန်အကွဲတွေတွေ့ ရလို့လည်း အဲဒီကျွန်းကို ပန်းကန်ကျွန်းလို့ခေါ်ကြတာဖြစ်ပါသတဲ့ ။
ကမ်းရိုးတန်းနဲ့လည်းအတော်အသင့်လှမ်းဝေးသလို လူနေရပ်ရွာတည်ထောင်ခဲ့ဖူးခြင်းလည်းမရှိတဲ့ ဒီကျွန်းပေါ်မှာ ပန်းကန်အကွဲအစတွေ အခုချိန်ထိတွေ့ နေရတယ်ဆိုတာ
ထူးဆန်းနေပါတယ် ။ ဒါကြောင့် ကျွန်းပေါ်မှာ ကြွေပန်းကန်တွေဘယ်ကနေရောက်လာသလဲ ၊ ပန်းကန်အကွဲတွေကျွန်းပေါ်မှာ ဘယ်တုန်းကစတွေ့ ခဲ့တာလဲ ၊ ဒီကျွန်းကို ပန်းကန်ကျွန်းလို့ ဘယ်အချိန်ကတည်းက ခေါ်ဆိုခဲ့ကြတာလဲ ဆိုတဲ့အချက်တွေကို ထင်ထင်ရှားရှားသိချင်မိတာပါ ။ ဒေသခံတွေဆီကတော့ ကျွန်းပေါ်မှာပန်းကန်အကွဲတွေတွေ့ နေရတာကြာပြီ ၊ အဖိုးအဖွားတွေအစဉ်ဆက်ကထည်းကပဲ ကျွန်းပေါ်ကပန်းကန်တွေအကြောင်းပြောလာခဲ့တယ် ၊ ပန်းကန်ကျွန်းဆိုတဲ့နာမည်ကိုလည်း အစဉ်ဆက်ခေါ်ဆိုလာခဲ့ပြီးဘယ်အချိန်လောက်က စ ခေါ်ဆိုခဲ့တယ်ဆိုတာမပြေတတ်ဘူး .. ဆိုတာလောက်ပဲ ပန်းကန်ကျွန်းနဲ့ပက်သက်ပြီးသိခဲ့ရတာပါ ။
ပန်းကန်ကျွန်းက ပန်းကန်ကွဲတွေနဲ့ပက်သက်ပြီး ဒေသခံတွေပြောဆိုနေတဲ့ အချက်တစ်ချက်လည်းရှိပါသေးတယ် ။ အရင်က ( ဘယ်တုန်းကမှန်းမသိ ) ပန်းကန်ကျွန်းပေါ်မှာ သူ့အလိုလျှောက်ရှိနေတဲ့ပန်းကန်တွေကို ရွာမှာ အလှူတို့ မှုကိစ္စတို့လုပ်ရင် ငှားရမ်းလို့ရပါသတဲ့ ။ အလိုရှိသလောက်ကိုငှားရမ်းအသုံးပြုပြီးတဲ့အခါ မှန်မှန်ကန်ကန်ပြန်ပို့ရတယ်လို့ဆိုတယ် ။ ဒါပေမယ့်လည်း ရွာသူရွာသားတွေက နောက်ပိုင်းမှာ ကျွန်းပေါ်ကငှားယူလာတဲ့ ပန်းကန်တွေကို ပြန်မအပ်တော့တာမျိုးတွေလုပ်လာခဲ့ကြတယ်ပေါ့ ။ အဲဒီအခါမှာ ငှားယူပြီးပြန်မအပ်ဘဲထားတဲ့ ပန်းကန်တွေရော ကျွန်းပေါ်ကပန်းကန်တွေပါအကုန်လုံး တစ်ချပ်မကျန် သူ့အလိုလျှောက်ကွဲကုန်သတဲ့ ။
ဒေသခံတွေပြောတဲ့ ( ပန်းကန်တွေငှားယူ ၊ ပြန်မအပ် ၊ ကွဲ ) ကိစ္စ မျိုးက အစဉ်ဆက်ပြောစကားတွေသာဖြစ်ပြီး တကယ့်အဖြစ်ရပ်အမှန်နဲ့မနီးစပ်ဘူးလို့ပဲ ထင်ပါတယ် ။ ဒါအပြင် အဲဒီအကြောင်းအရာနဲ့ထပ်တူတဲ့ကိစ္စမျိုးကို ဒီပန်းကန်ကျွန်းနဲ့လှမ်းဝေးတဲ့ ကျွန်တော်တို့ထားဝယ်ဒေသက ပင်လယ်ကမ်းခြေရွာတစ်ရွာမှာလည်းကြားဖူးခဲ့တာမို့ အထူးဆန်းလည်းဖြစ်မနေတော့ပါဘူး ။ ( ပန်းကန်တွေငှားယူ ၊ ပြန်မအပ် ၊ ကွဲ ) ဆိုတဲ့ကိစ္စမျိုးကို ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းကြားဖူးနေခဲ့ပြီသားဖြစ်ပါတယ် ။
ပန်းကန်ကျွန်းဟာ ဂေါ်ရန်ဂျီကမ်းခြေတောင်ဘက်တစ်လျှောက်မှာရှိတဲ့ ပန်းမော်ရွာနဲ့ အနီးဆုံးဖြစ်ပါတယ် ။ ပန်းမော်ရွာကနေ စက်တတ်လှေကလေးနဲ့ 25 မီနစ်ခန့်ခုတ်မောင်းရင်ရောက်ပါပြီ ။ အခုနောက်ပိုင်း လူသိများလာတဲ့ ဂေါ်ရန်ဂျီပန်းဖြေစခန်းကနေ စက်လှေလေးတွေနဲ့ခုတ်မောင်းလာရင်တော့ 1 နာရီနဲ့ မီနစ် 30 ခန့်ကြပါသတဲ့ ။ ပန်းကန်ကျွန်းနဲ့ မနီးမဝေးမှာ အုန်းကျွန်းလို့ခေါ်တဲ့ ကျွန်းကြီးတစ်ကျွန်းလည်းရှိပါတယ် ။
ပန်းကန်ကျွန်းမှာ ပန်းကန်အကွဲအစတွေတွေ့ နေရရတယ်ဆိုပေမယ့် ကျွန်းတစ်ခုလုံးမှာပြန့်ကျဲပြီးတွေ့ နေရတမျိုးမဟုတ်ဘဲ နေရာတစ်ခုတည်းမှာသာတွေ့ နေရတာမျိုးဖြစ်ပါတယ် ။ အဲဒီနေရာကို ပန်းကန်မြှောင်းလို့ ဒေသခံတွေကခေါ်ကြတာပါ ။ ကျွန်းရဲ့ တောင်ဘက်ထိပ် ကျောက်လွှာပြင်ကြီးနှစ်ခုအကြားက ရေလက်ကြားလေးတစ်ခုဖြစ်ပါတယ် ။ ရေတက်နေတဲ့အချိန်မှာကျောက်လွှာပြင်ကြီးတွေရော ရေလက်ကြားလေးပါ ရေအောက်မှာတစ်သားတည်းဖြစ်နေပေမယ့်လည်း ရေကျတဲ့အချိန်တွေမှတော့ ကျောက်လွှာပြင်ကင်းလွှတ်နေတဲ့ရေပြင်တစ်ခုပေါ်လွင်နေတတ်ပါတယ် ။ အဲဒီနေရာမှာပဲ ပန်းကန်အကွဲတွေတွေ့ နေရတာပါ ။ လွန်ခဲ့တဲ့ နှစ် 50 ဆယ်လောက်ကဆိုရင် ဒီပန်းကန်မြှောင်းထဲမှာပန်းကတွေ အထပ်လိုက်အချပ်လိုက်တွေ့ ရဖူးတယ်လို့ဆိုတယ် ။ ရေအောက်မှာ ပန်းကန်ပြားတွေပုံမပျက်ဘဲအချပ်လိုက်ရှိနေပေမယ့် ကိုင်လိုက်တာနဲ့အစိတ်စိတ်အမွှာမွှာကွဲကုန်ရောတဲ့ ။ တချို့ ကလည်း ပန်းကန်တွေအချပ်လိုက်အကောင်းတိုင်းတွေ့ ရလို့ ရွာကိုယူလာတဲ့အခါ အိမ်ကိုရောက်ပြီး သိပ်အမကြာခင်မှာပဲ သူ့အလိုလိုကွဲကုန်တယ်လို့ဆိုပါတယ် ။ ဒါကိုပဲ ရွာသားတွေက အမျိုးမျိုးတွေးတောပြီးပြောဆိုနေကြတာပါ ။
ကျွန်တော်တို့ရောက်တဲ့အချိန်က ပန်းကန်မြှောင်းထဲမှာရေကဒူးကျော်နေတာမို့ ပန်းကန်အကွစတွေရှာဖို့ မလွယ်ကူပါဘူး ။ ဒါကြောင့် မြှောင်းထဲမှာ သာမန်အားဖြင့်ရှာကြည့်ပြီး အဲဒီအနီးနားဝန်းကျင်က သဲခုံပြင်မှာပဲ ရှာကြည့်ဖြစ်ပါတယ် ။ လွယ်လွယ်ကူကူနဲ့ ပေါပေါများများတွေ့ ရတာမဟုတ်ပေမယ့် အချိန်တိုလေးအတွင်းမှာ ပုံသဏ္ဍန်ထူးခြားတဲ့ ပန်းကန်ကွဲ ( ကြွေထည်မျိုးစုံအကွဲ ) အစလေးတွေ အတော်အသင့်ရလိုက်ပါတယ် ။ တွေ့ ရှိရတဲ့ ကြွေထည်တွေမှာ အများအားဖြင့် ထူထဲတဲ့အောက်ခြေအစိတ်ပိုင်းတွေများပါတယ် ။ အကွဲစတွေရဲ့ အထူတွေဟာ လက်မ၀က် ( 0.5 လက္မ ) လောက်ရှိကြပြီး အကြီးဆုံး ကြွေထည်တစ်ခုရဲ့ အထူဆိုရင် တစ်လက်မနီးပါးလောက်တောင်ရှိတာပါ ။
ကျွန်းပေါ်မှာတွေ့ ရတဲ့ပန်းကန်ကွဲအစတွေက တခြားနေရာမှာတွေ့ ရတဲ့ ကြွေထည်အကွဲအစတွေလို ညစ်ညစ်ထေးထးတွေမဟုတ်ပါဘူး ။ ရေနဲ့သဲတို့ရဲ့ ပွတ်တိုက်မှုဒါဏ်ကိုအချိန်ကာလကြာမြင့်စွာခံထားရတာကြောင့် အားလုံးပြောင်လက်လို့နေပါတယ် ။ အပေါ်မျက်နှာပြင်မှာ ခပ်ထူထူသုတ်လိမ်းထားတဲ့ အစိမ်းနုရောင်ကြွေရည်လေးတွေဆိုရင် ပွတ်စားမှုဒါဏ်တွေခံရများပြီး ကျေက်စိမ်းရောင်ပေါက်အောင်ကို သစ်လွင်နေတော့တာပါ ။ ဒါပေမယ့်လည်း ဒီကျွန်းပေါ်မှာတွေ့ နေရတဲ့ ပန်းကန်ကွဲအစိတ်ပိုင်းလေးတွေဟာ ခေတ်သစ်ကြွေထည်တွေတော့မဟုတ်လောက်ပါဘူး ။ ရှေးခေတ်သုံးကြွေထည်တွေဖြစ်နိုင်ပါတယ် ။ ပန်းကန်အကွဲအစိတ်အပိုင်းတွေရဲ့  ပုံစံ ၊ ထုတည် နဲ့ အဲဒီအပေါ်မှာတွှေ့ နေရသေးတဲ့ ပန်းဒီဇိုင်းခပ်မှိန်မှိန်လေးတွေကိုကြည့်ရခြင်းအားဖြင့် အဲဒီကြွေထည်တွေဟာပြည်တွင်းက ထုတ်လုပ်တဲ့ပစ္စည်းတွေမဟုတ်ဘူးဆိုတာကိုပါ အသေချာပြောနိုင်မှာပါ ။
ပန်းကန်ကျွန်းကပြန်လာပြီးနောက်တော့ ကျွန်းပေါ်မှာတွေ့ နေရတဲ့ကြွေထည်အကွဲအစတွေနဲ့ပက်သက်တဲ့ပဟေဠိလေးတွေဖြစ်ပေါ်လို့နေပါတယ် ။ အဓိက သိချင်မိတာက ပန်းကန်ကျွန်းမှာ ကြွေပန်းကန် ( အခုချိန်မှာတော့ အကွဲစတွေပဲကျန်ပါတယ် ) တွေ ဘယ်လိုလုပ်ပြီးရောက်နေခဲ့သလဲဆိုတဲ့အချက်ကိုပါ ။ အကြောင်းအရင်းကတော့ ရှိရမှာဖြစ်ပါတယ် ။ အမှန်တိုင်းဝန်ခံရရင် ကျွန်တော့အနေနဲ့ ပန်းကန်ကျွန်းရဲ့ တစ်နေရာမှာ ရှေးခေတ်သုံးကြွေထည်တွေလို့ထင်ရတဲ့အပိုင်းအစလေးတွေကို ထူးထူးဆန်းဆန်းတွေ့ ရတယ်ဆိုတာကိုပဲ ကိုယ်တွေ့ အားဖြင့်ပြောပြနိုင်တာပါ ။ ဒီထက်ပိုပြီးဘာကိုမှ တိတိကျကျပြောနိုင်စွမ်းမရှိပါဘူး ။ ကျန်တဲ့အပိုင်းကိုတော့ သုတေသီပညာရှင်တို့ ဖော်ထုတ်မှ အဖြေမှန်နဲ့ အနီးစပ်တာကိုရရှိနိုင်မယ်လို့ထင်ပါတယ် ။
ဖြစ်နိုင်ဆုံးနဲ့ သဘာဝကျဆုံးလို့ထင်ရတဲ့ အချက်တစ်ချက်တွေးမိတာရှိပါတယ် ။ လွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းက ဆိုးရွားတဲ့ရာသီဥတုနဲ့ကြုံတွေ့ ရတဲ့ပင်လယ်ကူးကုန်တင်သင်္ဘောတစ်စီးဟာ လမ်းခုလပ်ဖြစ်တဲ့ဒီကျွန်းမှာခဏ၀င်ခိုပြီး ၀န်ပိုနေတဲ့ ( အလေးချိန်ပိုများတဲ့ ) ကြွေထည်တွေကို ကုန်းပေါ်ချထားခဲ့လေသလား လို့ပါ ။ ဒါမှမဟုတ် ကြွေထည်ပစ္စည်းအပါအ၀င် တခြားကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့သင်္ဘောတစ်စီးစီးကများ အကြောင်းတစ်ခုခုကြောင့် ဒီကျွန်းက ပန်းကန်မြှောင်းလို့ခေါ်ဆိုနေတဲ့နေရာမှာသောင်တင်ပြီးပျက်စီးခဲ့ဖူးသလားပေါ့ ။ ဒါဆိုရင် အရှေ့ မှာပြောခဲ့သလို ( ပန်းကန်တွေငှားယူ ၊ ပြန်မအပ် ၊ ကွဲ ) ကိစ္စမျိုး အစဉ်အဆက်ပြောဆိုမှုတွေရှိခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့ထားဝယ်ဒေသက ပင်လယ်ကမ်းခြေရွာလေးမှာလည်း ကုန်တင်သင်္ဘောဝင်ကပ်တဲ့ဖြစ်ရပ်မျိုးတွေရှိခဲ့တယ်လို့ ယူဆချင်စရာပါပဲ ။
ဒါက ကျွန်တော့တစ်ယောက်တည်းရဲ့ အတွေးသာဖြစ်ပါတယ် ။ အတိအကျမှန်ကန်မယ်လို့ မဆိုလိုပါဘူး ။ တကယ်လို့များ အဲဒီအယူဆချက်ကိုပဲအမှန်လို့တွက်ယူပြီး ဆက်လက်တွေးကြည့်မယ်ဆိုပါစို့ ။ ကျွန်းပေါ်မှာတွေ့ ရှိရတဲ့ကြွေထည်အကွဲအစတစ်ခုပေါ်ကဒီဇိုင်းကိုထောက်ချင့်ပြီး ပန်းကန်ကျွန်းဆီရောက်လာတဲ့ ကုန်တင်သင်္ဘောဟာ တရုတ်ကုန်တင်သဘောင်္ပဲဖြစ်မယ်လို့ဆိုချင်ပါတယ် ။
အခုပြောပြီးခဲ့တဲ့အထဲမှာ ရှေးကျတယ်လို့ထင်ရတဲ့ ကြွေအထည်အကွဲအစတွေကို ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာတွေ့ ရပြီး ကြွေထည်အကွဲအစပေါ်က ပန်းဒီဇိုင်းကလည်း တရုတ်ဒီဇိုင်းဖြစ်နိုင်ခြေရှိတယ်လို့ထင်မိကြောင်း စတဲ့အချက်တွေပါဝင်ပါတယ် ။ ဒီအချက်တွေဟာ တရုတ်ကုန်သည်တွေ မြန်မာပြည်ကို ရေလမ်းအားဖြင့်ကုန်ကူးသန်းကြတဲ့သမိုင်းနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ထင်မြင်မိတာပါ ။ ဒါကြောင့်မို့ ရှေးရာစုပေါင်းများစွာကတည်းက တရုတ်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံရေကြောင်းကုန်သွယ်မှုသမိုင်းနဲ့ပက်သက်တဲ့စာတမ်းတစ်ခုထဲက သမိုင်းအချက်အလက်တစ်ချို့ ကို ကောက်နုတ်တင်ပြလိုက်ရပါတယ် ။
အခုပြောပြီးခဲ့တဲ့အထဲမှာ ရှေးကျတယ်လို့ထင်ရတဲ့ ကြွေအထည်အကွဲအစတွေကို ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာတွေ့ ရပြီး ကြွေထည်အကွဲအစပေါ်က ပန်းဒီဇိုင်းကလည်း တရုတ်ဒီဇိုင်းဖြစ်နိုင်ခြေရှိတယ်လို့ထင်မိကြောင်း စတဲ့အချက်တွေပါဝင်ပါတယ် ။ ဒီအချက်တွေဟာ တရုတ်ကုန်သည်တွေ မြန်မာပြည်ကို ရေလမ်းအားဖြင့်ကုန်ကူးသန်းကြတဲ့သမိုင်းနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ထင်မြင်မိတာပါ ။ ဒါကြောင့်မို့ ရှေးရာစုပေါင်းများစွာကတည်းက တရုတ်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံရေကြောင်းကုန်သွယ်မှုသမိုင်းနဲ့ပက်သက်တဲ့စာတမ်းတစ်ခုထဲက သမိုင်းအချက်အလက်တစ်ချို့ ကို ကောက်နုတ်တင်ပြလိုက်ရပါတယ် ။
- အေဒီ 1330 ခုနှစ်နဲ့ 1335 ခုနှစ်အကြား ရှေ့ တောင်အာရှနိုင်ငံများဆီကို ကုန်တင်သင်္ဘောနဲ့လိုက်ပါခဲ့တဲ့ တရုတ်နိုင်ငံသားတစ်ယောက်ရဲ့ မှတ်တမ်းမှာ……. သံထည် ၊ ကြွေထည် ၊ ပိုးထည်နဲ့ ဖဲထည်တို့ကို ရေလမ်းကနေသယ်ဆောင်လာတဲ့ တရုတ်ကုန်သည်တို့ဟာ မြန်မာနိုင်ငံကိုရောက်လာကြပြီး တနင်္သာရီ ၊ မတ္တမ နဲ့ ပဲကူး ( ပဲခူး ) ဆိပ်ကမ်းမြို့ များမှာသွားရောက်ရောင်းချကြကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ် ။
- ခရစ်နှစ် 1517 – 18 အတွင်းရေးသားခဲ့တဲ့ ပေါ်တူဂီနိုင်ငံသားတစ်ယောက်ရဲ့ မှတ်တမ်းတစ်ခုမှာလည်း ---------- ပဲခူးမြို့ ဆိပ်ကမ်းမှာ ( Juncos ) လို့ခေါ်တဲ့ ကတ္တူကြီး ( ပင်လယ်ကူးရွက်လှေကြီး ) များရှိကြောင်း ၊ ရွက်တိုင်သုံးတိုင် ( သို့မဟုတ် ) လေးတိုင်ပါရှိတဲ့အဲဒီကတ္တူကြီးတွေဟာ မလက္ကာ ၊ စူမထြွား နဲ့ အခြးနေရာများကို ခရီးထွက်ကြကြောင်း ဖော်ပြထားတယ်လို့ သိရတယ် ။
- ကိုလိုနီခေတ် မြိတ်အရေးပိုင်မင်း မောရစ်ကောလစ်လက်ထက်က တနင်္သာသာရီမြစ်ကမ်းနဘေး နုန်းမြေတွေထဲမှာ ကြွေထည်အကွဲအစတွေအမြောက်အများတွေ့ ရှိဖူးတယ်လို့ဆိုပါတယ် ။
- ကြွေထည်အကွဲအစတွေနဲ့အတူ အနာအဆာမပါတဲ့ ( အကောင်းပကတိ ) ကြွေထည်ပစ္စည်းအမျိုးစုံ 250 ကျော်ကိုစုဆောင်းရရှိဖူးပါတယ်တဲ့ ။
- တနင်္သာရီမြစ်ကမ်းနဘေးမှာတွေ့ ရှိရတဲ့ ကြွေထည်တွေဟာဆိုရင် ထန်( င် ) မင်းဆက် ( အေဒီ 7 ရာစုမှ 10 ရာစုအကြား ) ၊ ဆုန့်မင်းဆက် ( အေဒီ 10 ရာစုမှ 13 ရာစုအကြား ) ၊ မင်( င် ) မင်းဆက် ( အေဒီ 14 ရာစုမှ 17 ရာစုအကြား ) နဲ့ မန်ကျူးမင်းဆက် ( အေဒီ 17 ရာစုမှ 20 ရာစုအကြား ) ကာလတွေအကြား ပြုလုပ်ခဲ့တဲ့ ကြွေထည်ပစ္စည်းများတွေဖြစ်ကြောင်းသိရတယ် ။
- ပုသိမ်မြို့ အနီး င၀န်မြစ်ကြမ်းပြင်မှာလည်း 15 ရာစုခေတ်လက်ရာ တရုတ်ကြွေထည်ပစ္စည်းတွေ တွေ့ ရှိရကြောင်း မှတ်တမ်းရှိပါတယ် ။
အခုပြောခဲ့ပြီးသမျှတွေဟာ ပန်းကန်ကျွန်းမှာကျွန်တော်တွေ့ ခဲ့ရတဲ့ ကြွေထည်အကွဲအစတွေကို အစပြုလို့ မှတ်သားရဖူးတဲ့ပညာရှင်များရဲ့ သုတေသနစာတမ်းကောက်နုတ်ချက်တွေနဲ့အတူ ပုဂ္ဂလိကထင်မြင်မိတာလေးတွေကိုပါ ထည့်ရေးထားတာဖြစ်ပါတယ် ။ တိကျထင်ရှားတဲ့ သမိုင်းကြောင်းအမှန်ကိုရဖိုဆိုရင်တော့ ပညရှင်များရဲ့ သုတေသနပြုချက်ကိုပဲ အားကိုးရမှာပါ ။ ပန်းကန်ကျွန်းက ကြွေထည်အကွဲအစတွေနဲ့ပက်သက်တဲ့ သုတေသနပြုချက်တွေရှိပြီးဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ် ။ တကယ်လို့ မလုပ်ဖြစ်သေးဘူးဆိုရင်လည်း ပန်းကျွန်းပေါ်မှာတွေ့ နေရတဲ့သဲလွန်စတွေ မကုန်သေးခင် အမြန်ပြုလုပ်ဖြစ်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ် ။ ( ရန်နောင်စိုး )
အကိုးအကား ။ ။ လွန်ခဲ့သောနှစ်ပေါင်းသုံးရာအတွင်း မြန်မာနိုင်ငံရောက် ကောင်းတုံသားများ ( ဦးရည်စိန် )
From - ဆရာ ရန်နောင်စိုး Facebook မှ

Post a Comment