ရန်ကုန်မှ - ငရုတ်ကောင်းသို့  Express ကားများရှိပါတယ်
သူငယ်ချင်းတွေစုပြီး Express နဲ့ ငရုတ်ကောင်းမြို့ သို့ လာပြီး
ငရုတ်ကောင်းကနေ ဂေါ်ရန်ဂျီကျွန်းကို စက်လှေဖြင့်ကူးရပါတယ်
15 မိနစ်လောက် စက်လှေစီးပြီး Top Mother Beach ကို
စက်လှေခမှာ တစ်ယောက် 400 ကျပ်ဖြစ်ပြီး ဆိုင်ကယ်ခမှာ
တစ်ယောက် 500 ကျပ်သာပေးရပါတယ်။
လမ်းခရီးက အရင်လိုမဆိုးတော့ပါ
ပုသိမ် မှ မော်တင်စွန်း- ငရုတ်ကောင်းတောင်အထိ ကတ္တရာလမ်းဖြစ်ပြီး
လမ်းဆုံကနေ 17 မိုင် 5 ဖာလုံကတော့ ကျောက်ချောလမ်းဖြစ်ပါတယ်။
ကားကြီး ကားလေး အကုန်သွားလို့ ရပါတယ်
တောတောင်သဘာဝအလှအပတွေနဲ့ လမ်းခရီးက သာယာပါတယ်
ရန်ကုန် (ဒဂုံဧရာ အဝေးပြေး)မှတိုက်ရိုက် ပြေးဆွဲသည့်ယာဉ်လိုင်းများ
ကံထူးအောင်
09-421155911-09-421155922(Aircon Bus)
YGN မှ ည 8:30 စထွက်ပါသည်။
Universal
09-43064347-09-43096965 (Aircon Bus)
YGN မှ ညနေ 5:30 စထွက်ပါသည်။
မြတ်မိခင်
09-44779309-09-444779314
YGN မှ ည 8:00 ခန့်စထွက်ပါသည်။
ဂေါ်ရန်ဂျီကျွန်းကိုသွားရင် ဘယ်နေရာတွေလည်မလဲ....?
ကျွေချိုင်ကမ်းခြေတွင်အနားယူတည်းခိုပီး
Sunset ကြည့်ကြမယ် . . . .
လှေကားထစ် ၄၀၀ ကျော်တက်၍ မြဝတီစေတီ
ဖူးမျှော်ပီး ဂေါ်ရန်ဂျီကျွန်း ကိုအပေါ်စီးမှကြည့်ရင်းဆယ်ဖီဆွဲမယ်
LifeJacket အလှလေးများဝတ်၍စက်လှေစီးပီး လိပ်ချိုင်သွားမယ်
ဒဏ္ဏာရီများဖြင့်နာမည်ကြီးသော ပန်းကန်တိုက်
နံသာပုရွာ နှင့် ကုလားမချိုင်ကမ်းခြေကျောက်ဆောင်တွေနဲ့ ဓတ်ပုံရိုက်မယ်
ရေချိုတွင်း နှင့် ဘန်ဂလိုချိုင်ကမ်းခြေ
ဂေါ်ရန်ဂျီကျွန်းကိုလာလည်ရင် ဆောင်ရန်ရှောင်ရန်လေးတွေ
(2) MPT ဖုန်းလိုင်းပဲမိပါတယ်
မသုံးဘူးဆိုရင်တောင် တစ်ကဒ်ဝယ်လာခဲ့ပါ ဒါမှ ဓာတ်ပုံရိုက်ပြီး
ချက်ချင်းFacebook တင်တာတို့  Check in ၀င်တာတို့ လုပ်ပြီး
မသွားဖြစ်တဲ့ဘော်ဒါတွေကို ကလိကလိ လုပ်လို့ ရပါမယ် :P
(2) ဓာတ်ပုံများများရိုက်ဖို့ ဘက်ထရီအပို (Power Bank ) ယူခဲ့
ဂေါ်ရန်ဂျီကျွန်းက အရမ်းကိုသာယာလှပတာမို့ ရိုက်စရာများတယ်
ဟိုတယ်တွေမှာ လျှပ်စစ်မီးမရှိသေးတာမို့ မီးစက်နဲ့ အားသွင်းရမယ်
ကျမတို့  @TMT ထဲကစားသောက်ဆိုင်မှာတော့ အချိန်မရွေး
ဖုန်းအားသွင်းလို့ ရပါတယ် ။ အခန်းတွေကိုတော့ နေ့ လယ်ခင်း
12 နာရီမှ ညနေ 3 နာရီ ညနေ 6နာရီမှ ည11 နာရီခွဲအထိ
မီးစက်မောင်းပေးထားပါတယ် ။
(3) ကမ်းခြေစီးဖိနပ်နဲ့ ရှုးဖိနပ်လှလှလေးတွေယူလာခဲ့ပါ ။
ရေစိုတဲ့ ကမ်းခြေမှာတော့ ဖိနပ်ပါးပါးလေးနဲ့ ဓာတ်ပုံရိုက်ပြီ
ကျောက်ဆောင်တွေဘက်သွားရင်တော့ ရှုးဖိနပ်လှလှလေးနဲ့ 
ဓာတ်ပုံတွေရိုက်လို့ ရပါတယ် ။
(4)အဖွဲ့ နဲ့ သီးသန့် လာမယ်ဆို ဦးဆောင်သူက အစီစဉ်ဆွဲပါ ။
တစ်ညအိပ်ပဲလာမယ်ဆို နေရာစုံရောက်ဖို့ နဲ့ ဓာတ်ပုံလှလှတွေ
အဆက်မပြတ်ရိုက်နိုင်ဖို့ ဦးဆောင်သူကို ပြောထားလိုက်ပါ ။
မသွားခင် ဘယ်လိုနေရာတွေလည်မလဲ Review ဖတ်ပါ
ဓာတ်ပုံ ဘယ်လိုတွေရိုက်မလဲဆိုတာ Idea တွေထုတ်ထား
ကမ်းခြေမှာ ဓာတ်ပုံစတိုင်ကျကျရိုက်နည်းပုံလေးတွေကြည့်ထား
(5) လမ်းခရီးကတောင်ဆင်းတောင်တက်ရှိလို့ မူးတတ်ရင်ဆေးယူခဲ့ပါ
ကားလမ်းက ပုသိမ်ကျော်ရင် အဆင်းအတက် အကွေ့ အကောက်ရှိတယ်
တစ်ညအိပ်ဆိုတော့ နေရာစုံအောင်လည်းသွားရ ကားလည်းစီးရဆိုတော့
လူငယ်တွေအတွက်ကတော့ ဘာမှမဖြစ်ပါဘူး ။ နည်းနည်းဒဏ်မခံရင်တော့
အကိုက်ခဲပျောက်ဆေးတို့ တိုလိုမိုလီဆောင်ထားသင့်ပါတယ် ။
လူငယ်တွေ စုံတွဲတွေ သူငယ်ချင်းအဖွဲ့ တွေအတွက် ဓာတ်ပုံလှလှရိုက်
ကြည်လင်ရှင်းသန့် ကမ်းခြေမှာ လှိုင်းစီးရေကူး အမုန်းပျော်မြူးလို့ ရပါပြီရှင့်...။

အချိန်ပေးနိုင်ရင် တခြားသွားလည်လို့ ရတဲ့နေရာတွေကျန်ပါသေးတယ်
ဂေါ်ရန်ဂျီကျွန်းကို လာရောက်လည်ပတ်ချင်သူများ အဆင်ပြေစွာ
တည်းခိုအနားယူရန်အတွက် Sea View လုံးချင်း ဘန်ဂလို များကို
ဈေးနှုန်းချိုသာစွာဖြင့် ကြိုတင်မှာယူထားနိုင်ပါတယ်။
လာဖို့ လမ်းခရီးအခြေနေကိုလည်း ဖုန်းဆက်မေးနိုင်ပါတယ်ရှင့်
Booking လုပ်မယ်ဆို အောက်ပါ ဖုန်းနံပတ်များကိုဆက်သွယ်နိုင်ပါတယ်
Top Mother Beach Resort
ဂေါ်ရန်ဂျီကျွန်း ၊ ကြွေချိုင်ကမ်းခြေ ၊
ငရုတ်ကောင်းမြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီး။
09 -450253093
Post a Comment